အမေရိကန်ကတုံးလို့ မြန်မာပရိတ်သတ်အများစု သိကြတဲ့ အမေရိကန် အပြာမင်းသားကြီး Johnny Sins ကိုတော့ ၁၉၇၈ ဒီဇင်ဘာ ၃၁ ရက်နေ့မှာမွေးပါတယ်။ နာမည်အရင်းကတော့ Steven Wolf လို့ခေါ်ပါတယ်။

Johnny Sins ကိုတော့ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တာပါ။
ငယ်ငယ်က ရှက်တတ်ကြောက်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ Johnny Sins က သူကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် တက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက်ပိုင်း Johnny Sins ဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသေးတယ်လို့ဆိုပါတယ်။ ၂၀၀၆ ခုနစ်မှာတော့ Johnny Sins ဟာ အပြာရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကထွက်ပြီး L.A မြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။
L.A ကိုရောက်ပြီးနောက်ပိုင်းမှာတော့ သူဟာ နာမည်ကျော် အပြာရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Brazzers နဲ့ စာချုပ်ချုပ်ပြီး အပြာဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့ပါတယ်။ အခုအချိန်မှာတော့ Johnny Sins ဟာ Brazzers ရဲ့ ပင်တိုင်မင်းသားကြီး တစ်လက်အဖြစ် အပြာဇာတ်ဝင်ခန်းပေါင်း တစ်ထောင်ကျော် ရိုက်ကူးပေးခဲ့ပြီးပြီလို့သိရပါတယ်။

၂၀၁၃ ခုနစ်မှာတော့ Johnny Sins ဟာ လုပ်ဖော်ကိုင်ဖက် အပြာမင်းသမီးတစ်လက်ဖြစ်တဲ့ Kissa Sins နဲ့ အလုပ်ချိန်ပြင်ပမှာ တစ်ညတာ ( One Night Stands ) ပျော်ပါးခဲ့ရာမှ သံယောဇဉ်တွယ်သွားပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းဟာ ၆ နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ Sins လင်မယားဟာ ၂၀၁၇ လောက်မှာ SinsTV ဆိုတဲ့ ကိုယ်ပိုင် Youtube Channel တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါသေးတယ်။
အဲ့ဒီ Youtube Channel မှာတော့ သူတို့ လင်မယားရဲ့ နေ့စဉ်လှုပ်ရှားမှု Vlog တွေ ၊ လိင်ကိစ္စနဲ့ ပက်သက်ပြီး အကြံဥာဏ်ပေးထားတဲ့ Video တွေ ၊ အပြာရုပ်ရှင်လောကထဲဝင်ရောက်လုပ်ကိုင်ချင်သူတွေအတွက် အကြံပြုချက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့စုံတွဲဟာ ကိုယ်ပိုင် website ကနေ အပြာဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ Johnny Sins ဟာ အပြာရုပ်ရှင်လောကထဲမှာ ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး အပြာရုပ်ရှင်ဆုပေးပွဲတွေမှာလည်း ဆုပေါင်းများစွာကို သိမ်းပိုက်ထားနိုင်တဲ့ အပြာအော်စကာမင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။

ENJOY THIS POST ????
BUY ME A COFFEE
KBZ PAY / WAVE PAY / AYA PAY
– 09420036755 –